Thursday 17 May 2012

နိုင်ငံရေးအကျဉ်းကျသူများ အသက်မွေးဝမ်းကျောင်းလိုင်စင်နှင့် ကျောင်းပြန်တက်ခွင့်ရရေး ရှင်းလင်း
မိုးမခ အထောက်တော်၊ ရန်ကုန်။ နိုဝင်ဘာ ၅၊ ၂၀၁၁
နိုင်ငံရေး ကြောင့် ဖမ်းဆီးခံရပြီးနောက်တွင် ၎င်းတို့ရဲ့ အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်း လိုင်စင်တွေ ရုပ်သိမ်းခံရတာတွေ တက္ကသိုလ်ကျောင်း ပြန်မတက်ခွင့်မရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်လို့ စာနယ်ဇင်းရှင်းလင်းပွဲ တခုယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ အိုလမ်ပစ်တာဝါမှာ ကျင်းပခဲ့ပါတယ်။
ဦးသိန်းသန်းဥိး (တိုက်ပုံအနက်) ။ (ဦးကြည်ဝင်း(လပ္ဗတ္တာ)၊ ဒေါက်တာဇော်မြင့်မောင်)

ရှေ့နေများဖြစ်ကြတဲ့ ဦးအောင်သိန်း၊ ဦးရောဘတ်စန်းအောင်၊ လပွတ္တာ ဦးကြည်ဝင်းနဲ့ ဦးခင်မောင်ရှိန် ၊ ဆရာဝန်ဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင် ၊ ဒေါက်တာမြင့်နိုင် စသူတို့ တက်ရောက် ရှင်းလင်းပြောကြားကြပါတယ်။
အခမ်းအနား သဘာပတိဖြစ်တဲ့ ဦးရောဘတ်စန်းအောင်က “ ဦးသိန်းစိန် အစိုးရက ကောင်းသော အစိုးရ၊ ကောင်းသော အုပ်ချုပ်ရေး အထိသွားမှာလို့ ယခုအဆင့်ထိ ကျွန်တော်တို့ လက်ခံထားပါတယ်။ ဒါကြောင့် ဒီအခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါတယ်” လို့ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမြင်ကွင်း
ဒေါက်တာမြင့်နိုင်က သူ့အနေနဲ့ ၉၀ ခုနှစ်မှာ စင်ပြိုင်အစိုးရ ဖွဲ့တဲ့ ကိစ္စနဲ့ ၂၅ နှစ် ပြစ်ဒဏ်ချခံခဲ့ရပြီးနောက် ၁၄ နှစ်အကြာမှာ ၂၀၀၄ ခုနှစ်မှာ ထောင်က လွတ်လာတဲ့ အကြောင်းရှင်းပြပါတယ်။ အဲလို လွတ်လာပြီးနောက် ဆေးကုချင်ပေမယ့် ဆေးကုခွင့်လိုင်စင်မရှိတာကြောင့် ထီရောင်းခဲ့ရတဲ့အကြောင်းကို ရှင်းပြပါတယ်။
ယခုရှင်းလင်းပွဲသို့ မလာရောက်နိုင်တဲ့ နိုင်ငံရေး အကျဉ်းသားများဖြစ်တဲ့ ရှေ့နေများနဲ့ ဆရာဝန်များ စာရင်းများကိုလည်း အခမ်းအနားမှူးက ဖတ်ပြပါတယ်။
(မကြာသေးမီက လွတ်မြောက်လာသူ၊ လူငယ်နိုင်ငံရေးအကျဉ်းသား၊ အာကာဗိုလ်)
ကျောင်းတက်ခွင့်မရတဲ့ နိုင်ငံရေး အကျဉ်းသားများ အခြေအနေကိုလည်း ကိုရဲမင်းဦးက ရှင်းပြခဲ့ပါတယ်။ လွတ်မြောက်လာပြီးနောက် ကျောင်းပြန်တက်ရောက်ဖို့ ကြိုးစားပေမယ့်လို့ ကျောင်းဘက်မှ တိတိပပ ဖြေကြားပေးခြင်းမရှိတာတွေကိုလည်း ရှင်းပြသွားခဲ့ပါတယ်။
ဦးအောင်သိန်းက တရားရုံးတွေက အမိန့်ချထားပြီးသား ကိစ္စတွေကို အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေနဲ့  ဆောင်ရွက်ခြင်းမပြုဘူးဆိုတာဟာ အဓိက အားနည်းချက်တခုဖြစ်တယ်လို့ ထောက်ပြသွားခဲ့ပါတယ်။ စာနယ်ဇင်းရှင်းလင်းပွဲဟာ နေ့လည် ၁၂နာရီခွဲမှာ ပြီးစီးခဲ့ပါတယ်။

No comments:

Post a Comment