Thursday 17 May 2012

အော်ရီဂွန်၊ ပို့တ်လင်းန်၊ ဓမ္မ၀ိဟာရကျောင်းသစ်ဖွင့်ပွဲ ကျင်းပ


မိုးမခဓာတ်ပုံသတင်း၊ နိုဝင်ဘာ ၁၀၊ ၂၀၁၁
နိုဝင်ဘာ ၁ ရက်နေ့က အော်ရီဂွန်ပြည်နယ်၊ ပို့တ်လင်းန်မြို့တွင် ဓမ္မ၀ိဟာရအမည်ဖြင့် မြန်မာဗုဒ္ဓဘာသာဝင် တိုင်းရင်းသားတို့၏ ဘုန်းတော်ကြီးကျောင်းသစ် ဖွင့်လှစ်ပွဲ ကျင်းပခဲ့သည်။ အနယ်နယ်အရပ်ရပ်က ရဟန်းသံဃာတော်များနှင့် မြန်မာတိုင်းရင်းသားမိသားစုများ ကြွရောက်ကြသည်ကိုတွေ့ရသည်။

နိုဝင်ဘာ ၆ ရက်နေ့တွင် ဓမ္မ၀ိဟာရကျောင်းတိုက် ပထမဦးဆုံးအကြိမ် ကထိန်ပွဲတော်ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ဆန်ဖရန်ဘေးဧရိယာက ကိုစံသောင်းခေါ် အရိုင်းငယ်ကိုလည်း ထိုကျောင်းတွင် ရဟန်းခံပေးခဲ့ကြသည်ကို တွေ့ရသည်။
ဓမ္မ၀ိဟာရကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်မှာ ဦးသီလာစာရဖြစ်သည်။ ဆရာတော်သည် အမေရိကန်ပြည်ထောင်စုသို့ လွန်ခဲ့သည့် ၈ နှစ်ခန့်ကတည်းက ရောက်ရှိသီတင်းသုံးနေခဲ့ပြီး ယခုမှ အော်ရီဂွန်သို့ ကျောင်းထိုင်ဆရာတော်အဖြစ် ရောက်ရှိလာသည်ဟု သိရသည်။ မန္တလေးတွင် စာဝါများလိုက်ခဲ့ပြီး ဓမ္မစာရိယနှင့် ငါးကျမ်းပြန် ဘွဲ့လက်မှတ်များ ဖြေဆိုအောင်မြင်ခဲ့ပြီး ဖြစ်သည်။

No comments:

Post a Comment