Friday 6 January 2012

ပညာရေးရံပုံငွေဈေးရောင်းပွဲတော်



ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရံပုံငွေဈေးရောင်းပွဲတော်နဲ့ တေးဂီတဖျော်ဖြေပွဲမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများက အရောင်းဆိုင်ဖွင့်
တာရာဝေယံ၊ ဒီဇင်ဘာ ၃၁၊ ၂၀၁၁
ယမန်နေ့ မနက် ၉ နာရီ အချိန်လောက်က စတင်ခဲတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရံပုံငွေ တေးဂီတဖျော်ဖြေပွဲနဲ့ ဈေးရောင်းပွဲတော်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းများက အရောင်းဆိုင်ဖွင့်လှစ်ခဲ့ကြတာကို တွေ့ရပါတယ်။





အဲဒီအရောင်းဆိုင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံများ ပါဝင်တဲ့ ဗီနိုင်းပိုစတာများ၊ ပြက္ခဒိန်များ၊ မှတ်စုစာအုပ်များ ရောင်းချခဲ့ကြပါတယ်။
“ကျနော်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဆောင်ရွက်နေတဲ့ လူမှုအကျိုးပြုလုပ်ငန်းများမှာ တစုံတရာအထောက်အပံ့ရအောင် ရံပုံငွေရှာကြတယ်။ ကျနော်တို့ရဲ့ နဖူးစည်း ဆိုင်းဘုတ်ကို ကြည့်ပြီး အားပေးသွားကြတဲ့သူတွေ များပါတယ်”
လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။


သူက ဆက်ပြီး
“ဒီပွဲတော်ဈေး ဆိုင်ခန်း ၂၀၀ နီးပါး ရှိမယ် ထင်တယ်။ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် လူထုခေါင်းဆောင်တို့ ပုံတွေ၊ သူတို့အကြောင်းတွေပါတဲ့ စာအုပ်တွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ ပိုစတာတွေ ရောင်းကြတယ်။ လာတဲ့သူတိုင်းလိုလို တခုခု ၀ယ်ကြတယ်။ အနှောက်အယှက် အဟန့်အတားတွေလည်း မရှိပါဘူး”
လို့ ပွဲတော်အခင်းအကျင်းများကို ပြောပြခဲ့ကြောင်း သတင်းရရှိပါတယ်။


No comments:

Post a Comment