Friday 6 January 2012

၆၂ - ၀၇ နိုင်ငံရေးအကျဉ်းသားများ တွေ့ဆုံပွဲ ကျင်းပ








၆၂ - ၀၇ နိုင်ငံရေးအကျဉ်းသားများ တွေ့ဆုံပွဲ ကျင်းပ
တာရာဝေယံ၊ ရန်ကုန်၊ ဇန်န၀ါရီ ၅၊ ၂၀၁၂
စစ်တပ်တပိုင်း အစိုးရရဲ့ ၁/၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ဟာ လူထုနဲ့ နိုင်ငံတကာကို ပေးထားတဲ့ ကတိက၀တ်တွေကို ချိုးဖောက်တာ ဖြစ်တယ်။ ကိုယ့်ကိုယ်ကို အရှက်ခွဲတဲ့ သိက္ခာမဲ့တဲ့လုပ်ရပ်ဖြစ်တယ်လို့ အင်န်အယ်ဒီ ခေါင်းဆောင်ဦးဝင်းတင်က ယမန်နေ့မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ၆၂ - ၀၇ နိုင်ငံရေးအကျဉ်းသားဟောင်းများ တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။
ဦးကိုကိုလေး

ဒီတွေ့ဆုံပွဲဟာ စစ်အာဏာရှင်စနစ်အောက်မှာ တရားမျှတမှု၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် ရဲရဲရင့်ရင့် ကြိုးပမ်း ဆောင်ရွက်ပြီး (၁၉ ၆၂ - ၂၀၀၇) အတွင်း အနစ်နာခံပေးဆပ်ခဲ့သူများကို နွေးထွေးစွာ ပြန်လည် တွေ့ဆုံနီုင်အောင် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ဦးကိုကိုလေးရဲ့ မွေးနေ့မှာ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးသူများက ၀ိုင်းဝန်းစီစဉ်ဆောင်ရွက်ကြတာ ဖြစ်ကြောင်း သိရပါတယ်။
ရန်ကုန်မြို့၊ ၈ မိုင်လမ်းဆုံ၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ ပေါက်စေတီကျောင်းတိုက်မှာ မနက် ၈ နာရီ ခွဲက ၁၁ နာရီ ခွဲအထိ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ကိုဇော်ရဲလင်း
ကိုဇော်ရဲဝင်း
မမီမီလွင်

အခမ်းအနားမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေးပါတီအသီးသီးက ပုဂ္ဂိုလ်များ၊ စာပေ အနုပညာရှင်များ ဦးရေ ၁၀၀၀ ခန့် တက်ရောက်ကြပါတယ်။ အခမ်းအနားမှူးအဖြစ် ၈၈ မျိုးဆက်မှ မအေးသီတာက ဆောင်ရွက်ပြီး ၁၉ ၆၂ တကသအမှုဆောင် ဦးလှရွှေ၊ အင်န်အယ်ဒီခေါင်းဆောင် ဦးဝင်းတင်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများမှ ကိုဇော်ရဲဝင်း၊ ၈၈ ကျောင်းဆရာများသမဂ္ဂ၊ ၈၈ မျိုးဆက်မှ မဇင်မာအောင်၊ ဗကသ က ကိုဇော်လင်းအောင်၊ ကဗျာဆရာများသမဂ္ဂက ဆရာသစ္စာနီ၊ Generation Wave တို့မှ အမှာစကားပြောကြားကြ့ပီး သ၀ဏ်လွှာများ ဖတ်ကြားခဲ့ကြပါတယ်။

ဇော်ဇော်အောင်
သစ္စာနီ
ဦးလှရွှေ

လွတ်လပ်ရေးနေ့ မနက်ခင်းမှာပြုလုပ်ခဲ့တဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးများရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဒေါ်စုကမိန့်ခွန်းပြောရာမှာ ၁/၂၀၁၂ ကြေညာချက်ဟာ ပြည်သူလူထုမျှော်လင့်ထားသလို နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်း မရှိသည့်အတွက် ထိုကြေညာချက်ဟာ လူထုကို စိန်ခေါ်မှုတရပ်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း ဦးဝင်းတင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
မဇင်မာအောင်
ဦးဝင်းတင်

အားလုံးဖတ်ကြားကြတဲ့ သ၀ဏ်လွှာတိုင်းမှာ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ညီညွတ်ရေး၊ ငြိမ်းချမ်းရေး တည်ဆောင်ကြဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံထူထောင်ကြဖို့၊ မတူညီတဲ့ အယူအဆများကို တူညီတဲံ ရည်မှန်းချက်အပေါ်မှာ လက်တွဲဆောင်ရွက်သွားနိုင်ကြဖို့ နဲ့ ၁/၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဟာ ဒေါ်စုပြောသလို စိန်ခေါ်မှုတခုဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်မပေးသည့်အတွက် အစိုးရပ ဖြေရှင်းပေးရန် တာဝန်ရှိကြောင်း၊ အားလုံးကလည်း စိန်ခေါ်မှုကို လက်ပိုက်ပြီး ကြည့်မနေသင့်ကြောင်း စသည်ဖြင့် တင်ပြသွားကြကြောင်း သတင်းရရှိပါတယ်။
အသံဖိုင်ကို သည်ကနေ ရယူ နားဆင်ပါ။

No comments:

Post a Comment