Thursday 17 May 2012

ကဗျာဆရာကိုလှသန်း ဈာပနမြင်ကွင်းများ


တာရာဝေယံ၊ ရန်ကုန်၊ အောက်တိုဘာ၂၄၊ ၂၀၁၁
လက်မရွံ့ကဗျာဆရာ ကိုလှသန်းရဲ့ ဈာပနကို ဒီနေ့ ၅ နာရီက ရေဝေးသုဿန်မှာ မီးသဂြိုဟ် ပြီးစီးခဲ့ပါတယ်။ ဈာပနာကို ဆရာဦးဝင်းတင်၊ မောင်သာနိုး၊မောင်စိမ်းနီ၊ ဆောင်းဝင်းလတ်၊ ၀င်းမင်းထွေး၊ ဇေယျာလင်း၊ အောင်ချိမ့် စတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ကဗျာ အနုပညာရပ်ဝန်းက ပုဂ္ဂိုလ်များ ၈၀၀ ကျော် လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။



ဆရာဦးဝင်းတင်၊ ကဗျာဆရာ မောင်သာနိုး၊ တေးရေး ၀င်းမင်းထွေး၊ မချော
ဈာပနမှာ ကိုလှသန်းကဗျာအချို့ကို ရွတ်ဆိုခဲ့ကြပြီး ဇနီးဖြစ်သူ ဆရာမ မချောက အမှတ်တရစကား ပြောကြားခဲ့ပါတယ်။
ကိုရဲလွင်

မချော၊ အောင်ချိမ့်

ငြိမ်းသစ်၊ သားထွေး
အခမ်းအနားမှူးအဖြစ် ငြိမ်းသစ်က ဆောင်ရွက်ပြီးမောင်စိမ်းနီက အမှတ်တရစကား ပြောကြားပါတယ်။



ကွန်စစ်ကောင်းက ကိုလှသန်းရဲ့ အထုပ္ပတ္တိကို ဖတ်ကြားခဲ့ပြီးနောက် နေထက်နိုင်၊ ရင်နီ၊ တိုးနှောင်မိုး၊ ၀ိုင်ချို၊ လင်းထိပ်သျှင်၊ သော်ဇင်အုန်းတို့က ကိုလှသန်းရဲ့ "လက်"၊ "ဒီပရင်္ဂ" စတဲ့ ကဗျာတွေကို ရွတ်ဆိုခဲ့ကြပါတယ်။




ကိုလှသန်း (ကြည်မောင်သန်း) ဟာ အောက်တိုဘာ၂၂ ညနေ ၉း၂၀ က ကျောက်ကပ်ရောဂါနဲ့ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။
မောင်နိုး၊ ဆရာမ သန်းမြင့်အောင်





No comments:

Post a Comment