Friday 6 January 2012

ရန်ကုန်မြို့တွင် ပြင်းထန်သည့်ပေါက်ကွဲမှု ဖြစ်ပွား



ဝိုင်ပီအိုင်သတင်း၊
(မိုးမခဓာတ်ပုံ)
ဒီဇင်ဘာ ၂၈၊ ၂၀၁၁
ည ၁ နာရီ ၅၈ မိနစ်တွင်ရန်ကုန်မြို့ အရှေ့ပိုင်း၌ အလွန်ပြင်းထန်သည့် ပေါက်ကွဲသည့် အသံ ကြောင့် အိပ်ပျော်နေသူများ လန့်နိုးလာကြသည်။ ယခုအချိန်ထိ ကြားသိရသည့် သတင်းများမှာ သာကေတ၊ သို့မဟုတ် စက်ဆန်းဘက်ရှိ လောင်စာဆီ သို့မဟုတ် CNG ဆိုင် ပေါက်ကွဲမှုကြောင့်ဖြစ်သည်ဟု ဆိုသည်။
ပုဇွန်တောင်တွင်နေထိုင်သူများက မီးလောင်နေသည့် အလင်းရောင်များ တွေ့မြင်နေရသော်လည်း နေရာအတိအကျ မမှန်းဆနိုင်သေးဟု ဆိုသည်။
နောက်ထပ်ရရှိသည့် သတင်းအရ စက်ဆန်း အေဘီစီ မှတ်တိုင်အနီးရှိ ဆားဂိုဒေါင် အတွင်းမှ ပေါက်ကွဲသည်ဟု သိရသည်။ ပေါက်ကွဲစေတတ်သော ဟိုက်ဒြိုဂျင်ပါအောက်ဆိုက်များ မီးစွဲပေါက်ကွဲသည်ဟု ပြောသည်။ မင်္ဂလာဈေးနဲ့ အနီးရှိ ဈေးဆိုင်များ၊ နေအိမ်ခန်းများ ပရိဘောဂများ လဲပြိုခြင်း၊မှန်များ ကွဲခြင်းအထိ အရှိန် ပြင်းထန်သည်ဟု ဆိုပါသည်။
စက်ဆန်း ကူးတို့ဆိပ်ရပ်ကွက် မီးလောင်ကျွမ်းနေရာမှ စက်ဆန်း သဘောင်္ကျင်း အတွင်းမှ ဂိုဒေါင်များပါ စတင်လောင်ကျွမ်းနေသည်။ လမ်းပေါ်တွင် လူများ ပစ္စည်း သယ်ဆောင်ကာ ဘေးလွတ်ရာ ရှောင်ပြေးနေကြသည်ကို တွေ့ရသည်။ သေဆုံးသူ၁၅ ဦး၊ ဒဏ်ရာရသူ ၈၀ ဦး ကျော်ပြီဟု ဆိုသည်။

No comments:

Post a Comment