Friday 6 January 2012

အိမ့်ခိုင်ဦး ဦးဝင်းမြင့်

စက်တင်ဘာ ၁၈၊ ၂၀၀၉
နာဂစ် ဒုက္ခသည်များကို ကူညီစဉ် အဖမ်းခံရသည့် အီကိုဗီးရှင်း ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦး (ဓာတ်ပုံများ-မိုးမခ)

မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၇၀၀၀ ကျော် လွှတ်ပေးမည်ဟု စစ်အစိုးရက ကြာသပတေးညက ကြေညာခဲ့သော်လည်း သောကြာညနေပိုင်းအထိ ရန်ကုန်မြို့ အင်းစိန်ထောင်မှ လွတ်လာသူများထဲတွင် နိုင်ငံရေး နှင့် ဆက်နွယ်သူ ဦးရေ ၂၀ ခန့်သာ ပါရှိသည်ကို တွေ့ရသည်။


ယနေ့ နာမည်ကျော် အင်းစိန်ထောင်ကြီးမှ လွတ်လာသူများထဲတွင် NLD ပါတီဝင်များထဲမှ ဦးနိုင်းနိုင်း၊ ကဗျာဆရာ မုံရွာအောင်ရှင်၊ မသန်းသန်းဌေး တို့ ပါဝင်သည်ကို တွေ့ရှိရသော်လည်း တခြား ထင်ရှားသည့် နိုင်ငံရေးသမားများကို မတွေ့ရှိရပေ။
ယမန်နှစ်က နာဂစ် ဒုက္ခသည်များကို ယူအင်ဒီပီ (ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ရုံး) သို့ လိုက်ပို့ပေးစဉ် အဖမ်းခံခဲ့ရသည့် အီကိုဗီးရှင်း ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦးနှင့် ၀ီးကလီအလဲဗင်း ဂျာနယ်မှ သတင်းထောက်ဟောင်း ကိုကျော်ကျော်သန့်တို့သည်လည်း ယနေ့ လွတ်မြောက်သည့် အထဲတွင် ပါဝင်သည်ကို တွေ့ရသည်။
ထောင် ၂၁ နှစ်ကျသည့် ဗီဒီယိုရိုက်သူ
လွတ်ရက်စေ့ချိန်တွင် “လွတ်ငြိမ်းသက်သာခွင့်” ရ

မိုးမခအထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၁၈၊ ၂၀၀၉
ထောင်သက် ၂၁ နှစ် ရှိပြီး လွတ်ရက်စေ့ချိန်တွင် အစိုးရ၏ "လွတ်ငြိမ်းသက်သာခွင့်" ဖြင့် ထောင်အပြင်သို့ ရောက်လာသူ ဦးဝင်းမြင့်။ သူ၏ ဗီဒီယို ရိုက်ချက်များကို အစိုးရက ၀ါဒဖြန့်ချိရေးအဖြစ် အသုံးပြုခဲ့ဖူးသည်။

No comments:

Post a Comment